Thu-Sun : 8.00-18.00 & Monday : Off Day

Our Services

Lip Surgery

image description

lips Srugery ဆိုတာဘာလဲ

  • ဆိုတာက သင့်နှုတ်ခမ်းပုံသဏ္ဍာန်ကို ပြန်လည်ပုံဖော်ပေးခြင်း(သို့မဟုတ်) သင့်နှုတ်ခမ်းအား ပုံစံကြအောင်ပြန်လည်ပြုလုပ်ပေးသော ခွဲစိတ်မှုတစ်မျိုးဖြစ်ပါသည်၊
     

ခွဲစိတ်မှုခံယူရန် ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ

  • မခွဲစိတ်မီတွင် စွဲသောက်နေသော ဆေးများ ရှိလျှင် ဆရာဝန်ကြီးကို ပြောပြရပါမည်။
  • မတည့်သောဆေးများ ရှိခဲ့ဖူးလျှင် လာရောက်ဆွေးနွေးချိန်တွင် ပြောပြရပါ မည်။
  • သွေးတိုး၊ ဆီးချိုစသော ရောဂါများ ရှိပါ က ခွဲစိတ်ဆရာဝန်ကြီးအား ပြောကြား ပြီး လိုအပ်သော ဆေးဝါးများ ကြိုတင် မှီဝဲရပါမည်။

 

ဘယ်သူတွေ lip surgery လုပ်နိုင်ပါသလဲ

  • မွေးရာပါ နှုတ်ခမ်းထူလွန်းသူ
  • အပေါ်အောက်နှုတ်ခမ်း လှပသည့် အချိုး ရလိုသူများ
  • Heart Shape (or) Bow Shape နှုတ်ခမ်း ပုံဖော်လိုသူများ
  • အတွင်းသားနှုတ်ခမ်း လန်ထွက်နေသူများ
  • နှုတ်ခမ်း ဘယ်၊ ညာ မညီသူများ
  • မီးလောင်ရာ၊ ထိခိုက်မိရာ စသော အကြောင်း အမျိုးမျိုးကြောင့် နှုတ်ခမ်းပုံပျက်သွားသူများ

ခွဲစိတ်ပုံ

  • နှုတ်ခမ်းနှစ်ဖက်ညီအောင် (သို့မဟုတ်) ကိုယ် လိုချင်သည့် ပုံစံရအောင် ခွဲရသည့်အတွက် ခွဲပုံခွဲနည်းမှာ တစ်ယောက် နှင့် တစ်ယောက် ကွာခြားမှု ရှိပါသည်။

ကုသပုံအဆင့်ဆင့်

  • ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးခြင်း
  •  ခွဲခန်းမဝင်မီ လိုအပ်သော ဆေး စစ်ဆေးမှုများ စစ်ဆေးခြင်း
  • လိုချင်သည့် နှုတ်ခမ်းပုံရအောင် marking line ဆွဲပေးခြင်း
  • ထုံဆေးပေးပြီး ခွဲစိတ်ခြင်း စသည် ဖြင့် အဆင့်ဆင့် ပြုလုပ်ပါသည်။

အကျိုးအာနိသင် ဘယ်အချိန်တွင် ရနိုင်ပါသလဲ

  • ခွဲစိတ်ပြီး (၁)ပတ်တွင် ချုပ်ရိုးကျက်ပါ သည်။ လိုချင်သော နှုတ်ခမ်းပုံလေးရရန် (၁)လ မှ (၃)လ အချိန် လိုအပ်ပါသည်။

ဆောင်ရန်၊ ရှောင်ရန်အချက်များ

  • ခွဲစိတ်ပြီးပြီးချင်းတွင် နှုတ်ခမ်းများ ရောင်ရမ်း နေပါမည်။ နှုတ်ခမ်းကို (၂) နာရီခြား ရေခဲ အုပ်ပေးခြင်းကို (၃)ရက်မှ (၁)ပတ်အထိ လုပ်ပေးရပါမည်။
  • အပူ၊ အစပ်၊ အမာ၊ အငန်စာများ (၁)ပတ် ရှောင်ရပါမည်။
  • ဆားရည် (သို့) mouth wash ဖြင့် ပလုတ်ကျင်း နိုင်သည်။
  • (၁)ပတ်ကြာမှ သွားစတိုက်ရပါမည်။
  • ချုပ်ရိုးပျယ်သွားခြင်း၊ အချိန်ကြာမြင့်စွာ အနာမကျက်ခြင်း စသည့်ဖြင့် ဆိုးကျိုးများ ကြုံတွေ့လာလျှင် ဆရာဝန်နှင့် ပြန်လည် လာရောက် တွေ့ဆုံ ကုသမှုခံယူရပါမည်။
images description

Spa Center Appointment

Want to Make a Booking or Have a Question?

Call me : 002-6666-8888 or fill out our online booking & equiry form and we’ll contact you