What is abdominoplasty?
ဗိုက်ရှိ ပိုလျှံနေသော အဆီနှင့် လျော့တွဲနေ သော အရေပြားကို ဖယ်ရှားပေးကာ ပျော့တွဲ သွားသော ကြွက်သားများကို ပြန်လည် တင်းရင်းလာအောင် ပြုလုပ်ပေးသော ခွဲစိတ် မှုကို ခေါ်ပါသည်။
ဘယ်လိုလူမျိုးနှင့် သင့်တော်ပါသနည်း။
- ကျန်းမာသော စားသောက်နေထိုင်မှု နှင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိသော်လည်း ဗိုက်ရှိ အဆီ များ မကျသောသူများ
- ကိုယ်ဝန်ဆောင်ဖူးသူများ
- ခဏခဏပေါင်ချိန် အတက်/အကျ မြန်သူများ
- အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဗိုက်ပူလာ သူများ
ကုသပုံအဆင့်ဆင့်
- .ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း
- ခွဲခန်းမဝင်မီ လိုအပ်သည့် ဆေးစစ်ဆေးမှုများ ပြုလုပ်ခြင်း
- ခွဲစိတ်မည့်နေရာကို marking line ဆွဲခြင်း
- မေ့ဆေးပေးခြင်း
- ခွဲစိတ်ခြင်း စသည်ဖြင့် အဆင့်ဆင့်သွားရပါသည်။
ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ
- မခွဲစိတ်မီတွင် စွဲသောက်နေသောဆေးများ ရှိလျှင် ဆရာဝန်ကြီးကို ပြောပြရပါမည်။.
- မတည့်သောဆေးများ ရှိခဲ့ဖူးလျှင် လာရောက်ဆွေးနွေးချိန်တွင် ပြောပြရပါ
ဆောင်ရန်၊ ရှောင်ရန် အချက်များ
- ခွဲထားသည့် ဒဏ်ရာကို ဆေးလိမ်း ပလပ် စတာလဲ ပေးရပါမည်။
- ခွဲစိတ်ထားသောနေရာများတွင် နာခြင်း၊ ယောင်ရမ်းခြင်း၊ ညိုမဲစွဲခြင်းများ ကြုံနိုင်ပါ သည်။
- ကိုက်ခဲပျောက်ဆေးများ သောက်ခြင်း၊ ရေခဲအုပ်ပေးခြင်းများ ပြုလုပ်ရပါသည်။
- ခွဲစိတ်အနာမကျက်မီ ရေချိုးလျှင် ရေသန့် ဖြင့်သာ ချိုးရပါမည်။ (ချိုးရေတွင် ရောဂါ မှတစ်ဆင့် အနာထဲသို့ မဝင်ရောက်စေရန်)
- ခွဲထားသော ဗိုက်နေရာများကို ခါးစည်း စသည့် အပတ်အထိန်းဖြင့် ရက်သတ္တပတ် ကြာ ပတ်စည်းထားရပါမည်။
- ညွှန်ကြားထားသော ကျန်းမာသည့် နေထိုင် စားသောက်မှုပုံစံအတိုင်း လိုက်နာ စားသောက် နေထိုင် ထိန်းသိမ်းရပါသည်။
အကျိုးအာနိသင် ဘယ်အချိန်တွေ့နိုင်ပါသလဲ?
- ခွဲပြီးပြီးချင်း ဗိုက်ချပ်သွားသည်ကို သိသိသာသာ မြင်ရပါသည်။
နောက်ထပ်ပြန်မဖြစ်အောင် ဘယ်လို ထိန်းသိမ်းရမလဲင့် ညီညွတ်စွာ နေထိုင် စားသောက်ခြင်း
- ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင် စားသောက်ခြင်း
- စိတ်ဖိစီးမှုလျော့ချနိုင်ခြင်း
- အားကစားလိုက်စားခြင်း
- အိပ်ရေးဝဝအိပ်ခြင်းတို့ကို ပုံမှန်လုပ်ပေးရပါမည်၊
