Thu-Sun : 8.00-18.00 & Monday : Off Day

Blog Details

image description

Female Rejuvenation (အပျိုစင်ကုထုံး)

Female Rejuvenation Laser ဆိုတာဘာလဲ

  • မိန်းမကိုယ်နှင့် မွေးလမ်းကြောင်းကို ပြုပြင်ပေးသော ကုထုံး ဖြစ်ပါသည်။
  • မိန်းမကိုယ်နှင့် မွေးလမ်းကြောင်းရှိ ဆဲလ်နှင့် တစ်ရှူးအသစ် များ ပြန်လည်တည်ဆောက်ပေးပြီး မိန်းမကိုယ် အတွင်းနံရံ များ ထူထဲစိုပြေစေလာခြင်း၊ collagen များ ထွက်လာအောင် လှုံ့ဆော်ပေး သောကြောင့် ပိုမိုတင်းရင်းလာ၍ အပျိုစင်အတိုင်း အသစ်တစ်ဖန် ပြန်လည်ခံစားလာစေရပါသည်။
  • ဆီးအိမ်ကလည်း မွေးလမ်းကြောင်းနှင့် ကပ်လျက်ရှိနေခြင်း ကြောင့် ဆီးမထိန်းနိုင်ခြင်းကိုပါ အထောက်အကူ ဖြစ်စေပါ သည်။

 

ဘယ်သူတွေ လုပ်သင့်ပါသလဲ?

  • ကလေးမွေးဖွားထားသော မိခင်များ
  • အသက်အရွယ်ကြီးရင့်လာသူများ
  • သွေးဆုံးပြီးသူများ
  • မိန်းမကိုယ်လမ်းကြောင်း လျော့ရဲလာသောသူများ/ မိန်းမကိုယ် လမ်းကြောင်း တင်းရင်းမှု မရှိသူများ
  • ဆီးမထိန်းနိုင်သောသူများ
  • ဆီးသွားပြီးသော်လည်း ထပ်ခါထပ်ခါ ဆီးသွားနေချင်သူများ
  • မိန်းမကိုယ်ချောဆီမထွက်ခြင်း/ မိန်းမကိုယ် ခြောက်သွေ့ခြင်း ခံစားရသူများ
  • အိမ်ထောင်မရှိသော်လည်း အထက်ပါ လက္ခဏာများ ခံစား နေရသူများ
  • အိမ်ထောင်ရေးသုခ ပြည့်ဝစွာ မခံစားရသူများ

 

ကုသပုံအဆင့်ဆင့်

  • ခွဲစိတ်စရာမလို၊ နာကျင်မှုမရှိဘဲ LUTRONIC ACTION Õ Laser စက်ကို အသုံးပြုပြီး ကျွမ်းကျင်မှုရှိသော ဆရာဝန်များက ကုသပေးမည် ဖြစ်ပါသည်။
  • မိန်းမကိုယ်လမ်းကြောင်း တင်းရင်းစေသော ကုထုံးအပြင် မိန်းမကိုယ် ပန်းရောင်သန်းစေသော ကုထုံးကိုပါ တပြိုင်နက် တည်း တွဲဖက်၍ ကုသပေးမည် ဖြစ်ပါသည်။
  • လေဆာကုထုံးဖြစ်သောကြောင့် ခွဲစိတ်ရန် မလိုခြင်း၊ နာကျင် ယောင်ယမ်းမှုမရှိခြင်း၊ အချိန်ကုန် သက်သာခြင်း၊
  • ကုသမှုခံယူပြီးပါကလည်း မိမိပုံမှန်လုပ်နေကျ အလုပ်များကို ပြန်လည် လုပ်ဆောင်နိုင်ခြင်း၊
  • ထုံဆေး၊ မေ့ဆေးများကို အသုံးပြုရန် မလိုသည့်အပြင် ကုသ ရစေနိုင်ပါသည်။
  • ကုသမှု ခံယူရမည့်အချိန်သည် နာရီဝက်ခန့်သာ ကြာမြင့်ပါ သည်။

 

ကုသမှု ခံယူပြီးပါက

  • မိန်းမကိုယ်ကြွက်သားများ ပိုမိုတင်းရင်းလာခြင်း
  • မိန်းမကိုယ်အတွင်း ချောဆီများ ထွက်လာခြင်း
  • ဆီးလမ်းကြောင်း ကြွက်သားတင်းရင်းလာခြင်း
  • ဆီးအိမ်ကျွံခြင်း၊ သားအိမ်ကျွံခြင်းများ လျော့နည်းလာခြင်း
  • အိမ်ထောင်ရေးသုခ ပြည့်ပြည့်ဝဝ ခံစားရခြင်း
  • လိင်ဆက်ဆံရာတွင် နာကျင်ခြင်းများကို လျှော့ချနိုင်ခြင်း
  • မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရှိလာခြင်း

 

ဆောင်ရန်၊ ရှောင်ရန်အချက်များ

  • မိန်းမကိုယ် ပန်းရောင်သန်းစေသော ကုထုံးကိုပါ ပြုလုပ် ပေးသည့်အတွက် မိန်းမကိုယ်အား (၃)ရက်အတွင်း ဆပ်ပြာ အပြင်းစားဖြင့် ဆေးကြောခြင်းအား ရှောင်ရှား ရပါမည်။
  • (၃) ရက်အတွင်း (အိမ်ထောင်မှုကိစ္စရပ်များ) လိင်ဆက်ဆံ ခြင်း၊ တစ်ကိုယ်ရည် အာသာဖြေခြင်းများ မပြုလုပ်ရပါ။
  • (၃) ရက်အတွင်း Tempon သုံးခြင်းကို ရှောင်ရှားရပါမည်။
  • ရံဖန်ရံခါ မိန်းမကိုယ် ကြွက်သားတင်းလာခြင်းကို ခံစား ရနိုင်ပါသည်၊ စိုးရိမ်စရာ မရှိပါ။
  • အချို့သော လူနာအနည်းစုတွင် နီမြန်း၊ ယောင်ရမ်းခြင်း ခံစားရနိုင်သော်လည်း အထွေအထူး စိုးရိမ်စရာ မရှိဘဲ သွားပါမည်။
  • ထိုအချိန်တွင် ပါရာစီတမော ကဲ့သို့ ဆေးကိုသာ လိုအပ် ပါကသောက်သုံးနိုင်ပါသည်။
  • ကုသမှုခံယူပြီး နာကျင်မှု တစ်စုံတစ်ရာ ခံစားရပါက ဆရာဝန်ဖြင့် ပြန်လည်တိုင်ပင်၍ ဆရာဝန် ညွှန်ကြား သော ဆေးများကိုသာ သောက်သုံးရပါမည်။

 

ကုသမှု ပိုမိုထိရောက်နိုင်စေရန်

  • လူနာများအနေဖြင့် တစ်လတစ်ခါ (၃) ပေါ် မူတည်၍ ကုသမှု အကြိမ်အရေအတွက် ကွဲပြားနိုင်ပါ သည်။
  • မိန်းမကိုယ် ကြွက်သားများ လျော့ရဲမှုများသော လူနာ များအနေဖြင့်ဆရာဝန်ဖြင့် တိုင်ပင်ကာ ကုသမှု အကြိမ် အရေအတွက် ထပ်မံတိုးမြှင့်ရန် လိုအပ်ပါသည်။
  • အနည်းဆုံး (၅)ကြိမ်ခန့် ကုသမှု ခံယူရန် လိုအပ်ပါသည်။
  • မိမိလိုချင်သော ရလဒ်ရသည်အထိ ဆရာဝန်ဖြင့် တိုင်ပင် ဆွေးနွေးပြီး ကုသမှု ခံယူရန် လိုအပ်ပါသည်။
  • ကုသမှု အကြိမ်အရေအတွက် ပြည့်ပြီး (၁)နှစ်ပြည့်ပါက ဆေးခန်းသို့ follow up ပြန်လည်ပြသရန် လိုအပ်ပါ သည်။